အသင့်ပြုလုပ်ထားသော အစားအစာများရဲ့ ဆိုးကျိုး( side effects of junk foods)
Manage episode 443290542 series 3605191
အသင့်စားအစားအစာများရဲ့ ကျန်းမာရေးဆိုးကျိုးများ
၁။ ကယ်လိုရီနှင့် အဆီပါဝင်မှုများ၍ အဝလွန်ခြင်းကို အားပေးခြင်း
၂။ သွေးတွင်းသကြားပမာဏ (blood glucose) ကို လျင်မြန်စွာတက်စေခြင်း
၃။ သွေးတိုးရောဂါ၊ အရိုးပွရောဂါများဖြစ်နိုင်ချေ မြင့်မားခြင်း
၄။ သွေးတွင်းမကောင်းတဲ့အဆီဓာတ်များတက်စေခြင်း
သွေးချိုဆီးချိုရှိသူများအဖို့ အသင့်ပြုလုပ်ထားသော အစားအစာမှန်သမျှကို ရှောင်နိုင်လေကောင်းလေပါပဲ။ ဒီလိုအစာတွေ အစားများခြင်းဟာ အဝလွန်ခြင်းကိုလည်း အားပေးပါတယ်။ အဝလွန်ခြင်းဟာ အမျိုးအစား၂ သွေးချိုဆီးချိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းတစ်ရပ်အဖြစ်ပါဝင်နေပါတယ်။ junk food တွေမှာ အငံဓာတ် (ဆိုဒီယမ်) တွေလည်းအများကြီးပါဝင်တာကြောင့် သွေးတိုးရောဂါများလည်းဖြစ်နိုင်ပါတယ်။ မိုနိုဆိုဒီယမ်ဂလူးတမိတ်လို့ခေါ်တဲ့ အချိုမှုန့်တွေလည်းလွန်ကဲတတ်တာကြောင့် အရိုးပွခြင်းများ ဖြစ်နိုင်ပါတယ်။ junk food တွေကိုပြုလုပ်ရာမှာ ပြည့်ဝဆီနဲ့ ပြန်ကြော်ဆီတွေကို အသုံးများတာကြောင့် သွေးတွင်း မကောင်းတဲ့ အဆီဓာတ်တွေလည်း တက်စေပါတယ်။ ခြုံပြောရရင် လူတိုင်း ခုလို အသင့်ပြုလုပ်ထားသော အစားအစာများကို ရှောင်နိုင်သမျှရှောင်ကြဥ်သင့်ပါတယ်။ သွေးချိုဆီးချို သမားများကတော့ အထူးရှောင်ရှားသင့်ပါတယ်။
128 episode